Tuesday, January 10, 2012

နှင်းပန်း

သူ့အဆင်းနှင့် သူ့အချင်းနှင့် ဘယ်သူနင်းနင်း ဘယ်သူညှင်းညှင်း ပင်ယံတခက်ချင်းလည်း ဝေ မြေပေါ်သက်ဆင်းလည်း ကြွေ နှောင်းတမြေ့မြေ့ ဆောင်းတကွေ့ဝယ် သူ့အလှည့် ရောက်လေတော့ အံခံတွင်းပါ ခိုင်တုန်ချမ်းစေရော့ မာန်တင်းကာ မိုင်ကုန်လွမ်းမပြေတော့တယ် ဆောင်းပွင့်တဲ့ပန်း....။ အမှတ်တရ- ရွှမ်း (ပန်းများလန်းရာမြေ) (ဘလော့ဂ်အဖွင့်ကဗျာ အဖြစ် အမှတ်တရ ရေးပေးလိုက်တယ်နော်.. ။ သူငယ်ချင်းရေ .. မွေးနေ့မှာ ပျော်ရွှင်ကြည်နူးနိုင်ပါစေ..။)

1 comment:

  1. ကိုယ့်အဖြစ်နဲ့တိုက်ဆိုင်လှချည်လား နှင်းပန်းရယ်။
    (နန္ဒလျန်)http://nandalayan-nandalayan.blogspot.in/

    ReplyDelete