Showing posts with label အဖွင့်ကဗျာ. Show all posts
Showing posts with label အဖွင့်ကဗျာ. Show all posts
Tuesday, January 10, 2012
နှင်းပန်း
သူ့အဆင်းနှင့်
သူ့အချင်းနှင့်
ဘယ်သူနင်းနင်း
ဘယ်သူညှင်းညှင်း
ပင်ယံတခက်ချင်းလည်း ဝေ
မြေပေါ်သက်ဆင်းလည်း ကြွေ
နှောင်းတမြေ့မြေ့
ဆောင်းတကွေ့ဝယ်
သူ့အလှည့် ရောက်လေတော့
အံခံတွင်းပါ ခိုင်တုန်ချမ်းစေရော့
မာန်တင်းကာ မိုင်ကုန်လွမ်းမပြေတော့တယ်
ဆောင်းပွင့်တဲ့ပန်း....။
အမှတ်တရ-
ရွှမ်း (ပန်းများလန်းရာမြေ)
(ဘလော့ဂ်အဖွင့်ကဗျာ အဖြစ် အမှတ်တရ ရေးပေးလိုက်တယ်နော်.. ။ သူငယ်ချင်းရေ .. မွေးနေ့မှာ ပျော်ရွှင်ကြည်နူးနိုင်ပါစေ..။)
Subscribe to:
Posts (Atom)
